ပခုက္ကူ ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့နံနက်၈နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ယုဇနဆောင်နေ ကျောင်းသူများက "မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်" သီချင်းအကဖြင့် ကပြဖျော်ဖြေကြပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ရပ် ရွတ်ဆိုကြပြီး ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘူမိဗေဒဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သင်္ချာဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် ဓာတုဗေဒဌာနအသင်းနှင့် ရူပဗေဒအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက ၂ ပွဲ ပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်ခြင်းအားကစားအသင်း (၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)