ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် ရောင်ခြည်ဦးသမဝါယမ အသင်းလီမိတက်၏အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ကော်မတီရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရောင်ခြည်ဦး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် ညောင်ဝိုင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရောင်ခြည်ဦးရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ(သဘာပတိ) ဦးမြမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးကအသင်း၏ ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ရောင်ခြည်ဦး သမဝါယမအသင်းလီမိတက်၏ အမှု‌ဆောင် အဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့်အသင်းသား စာရင်းစစ်အဖွဲ့အစီရင်ခံစာများအား အသင်းသား ဦးခင်ဆန်းမှ ဖတ်ကြားခဲ့သည်။

ဒုတိယပိုင်းအစီအစဉ်အရ အမှုဆောင်‌ကော်မတီရွေးချယ်ရေးနှင့်ပတ်သက်၍ မြို့နယ်သမဝါယမဦးစီးအရာရှိ(သဘာပတိ) ဒေါ်အေးအေးမိုးမှရှင်းလင်း ပြောကြားရာ အသင်းသားများက ပြန်လည်ရွေးချယ်ရာ သဘာပတိမှအတည်ပြုချက်ရယူပြီး အမှုဆောင်အဖွဲ့နှင့် အသင်းသားစာရင်းစစ်အဖွဲ့ဝင်များက ကတိသစ္စာခံယူ၍ သဘာပတိမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)