ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်လှစ်ခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျိုက်ထို ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂)ကြိမ်မြောက် ကျောက်လုံးတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂)ကြိမ်မြောက် ကျောက်လုံးတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် ဆောင်ရွက်ရမည့်ငြမ်းဆင်ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်းနှင့် ရောင်တော်ဖွင့်ပွဲ အခမ်းအနားဆောင်ရွက်မည့်အစီအမံများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျိုက်ထီးရိုး စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)