မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး၌ ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်းဖွင့်လှစ်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးက ကြီးမှူးပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေးဉီးစွာ အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းအသင်းစုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေးတပ်စုများအပြင် အခြားတပ်ဖွဲ့ဝင်များကိုလည်း လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လေ့ကျင့်မှကျွမ်းကျင်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ သင်တန်းမှူးများ၊ သင်တန်းသား သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စာတွေ့နှင့်လက်တွေ့သရုပ်ပြသခြင်းများကို အဆိုပါနေ့တွင် သင်ကြားပေးခဲ့ကြောင်းသိရသည်။

ရဲကိုမောင်