ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပေါက်ခေါင်း ဩဂုတ် ၅

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁  နာရီက  ပေါက်ခေါင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု(၅၈)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၅၀၄)စု အတွက် အိမ်ထောင်စု တစ်စု လျှင် (၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၃၀၀၈၀၀၀ဝိ/-)ကို လွှတ်တော်ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ခွဲဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)