ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

ကျိုက်ထို ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ ပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသည့် “တပြည်သူမရွှေထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Club) အဖွဲ့မှ အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ သိမှတ်ဖွယ်ရာအကြောင်းအရာတို့ကို ကဏ္ဍအလိုက် ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော အဖွဲ့ဝင်များက အပြန်အလှန်  မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရ‌န် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)