အုတ်ဖိုမြို့၌ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး

အုတ်ဖို ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်ဝါရီလ ၁၇ ရက်နေ့နံနက် ၉ နာရီမှစတင်၍ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(အုတ်ဖို)ဧရာခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အုတ်ဖိုမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့်ဌာနဆိုင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိမိတို့တာဝန်ကျရာမဲရုံများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ မိမိတို့၏ဆန္ဒမဲများကို အ.ထ.က (အုတ်ဖို) ဧရာခန်းမ၌ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူယမန်နေ့ကလည်း မဲရုံမှူး၊ ဒုမဲရုံမှူးများက အေးချမ်းစွာကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

အောင်သူ