ကျိုက်ထိုမြို့နယ်အ.မ.က‌-‌တောင်ကလေးကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်

ကျိုက်ထို   ဇန်နဝါရီ     ၁၇

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ ပေါင်း၍အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ် ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇန်န်ဝါရီ(၁၆) ရက်နံနက်ပိုင်းက ကျိုက်ထိုမြို့၊ တောင်က‌လေးကျေးရွာရှိ အ.မ.ကတောင်ကလေး  ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာကျောင်းအုပ်ဆရာကြီးဦးအောင်ခိုင်စိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးယုဝေကကျောင်းသား၊ ကျောင်းသူများအားလပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာ အသုံးပြုရေး၊ ကျောင်းစာကိုကြိုးစားကြ သလို ဗဟုသုတတိုးပွားရေး အတွက်ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြ ရေးနှင့်မူးယစ်‌ ဆေးဝါးအန္တရာယ် အသိပညာပေးမှုများကို ဟော‌ပြောဆွေး နွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည် ယှဉ် ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်၊ စာဖတ်ရှိန်မြှင့် တင်ရေး၊ မူးယစ်‌ဆေးဝါး အန္တရာယ်သတိပြုကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များ တို့ကို ခင်းကျင်းပြ သရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)