အင်းစိန်ခရိုင် အင်းစိန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးများ သုံးစွဲခြင်း၏ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ

အင်းစိန် ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သူနာပြုဆရာမ ဒေါ်ရွှေစင်ဝင်းက ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးများအပါအဝင် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေး စသည်အကြောင်းအရာများကို ပြည့်ပြည့်စုံစုံရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများအတွက် ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက ‌ပေါင်မုန့်နှင့် အချိုရည်များ ပေးအပ်ခဲ့ကြပြီး အင်းစိန်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာ​စောင်များ၊ သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖတ်ရှုပြီး၊ စကားပုံဆက်၊ ခါးလှည့်ကွင်း၊ ဘောလုံးပစ်၊ ဘယ်ခြေညာလက်ကစားနည်းများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာက စားခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)