ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း() အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဘက်ပေါင်းစုံမှနည်းလမ်းပေါင်းစုံဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အပိုင်း()နှင့် အပိုင်း()ကို အခက်အခဲမရှိ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအခါ နောက်ဆုံးအပိုင်းဖြစ်သည့် အပိုင်း()တွင် ()မြို့နယ်အား အောင်မြင်စွာဆက်လက်ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်များ ပြန်လည်စစ်ဆေးခြင်းနှင့် တပ်ဆင်ခြင်းများ ကြိုတင်ပြင်ဆင်ထားရန်နှင့် သက်ဆိုင်ရာမဲရုံများအလိုက် မဲပေးစက်များအချိန်မီရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲလာရောက်ပေးသူများ စိတ်အေးချမ်းသာစွာမဲပေးနိုင်ရေး အပိုင်း()နှင့် အပိုင်း()တို့တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အပိုင်း()တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲဆန္ဒရှင်ပြည်သူများ ကိုယ်စိတ်နှလုံး ()ပါးလုံး အေးချမ်းလုံခြုံစွာဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်က MEVM မဲပေးစက်များ စနစ်တကျအသုံးပြုနိုင်ရေးနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်များ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက နယ်မြေဒေသဆိုင်ရာလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့်အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိက အပိုင်း()တွင် ကျင်းပမည့် မဲရုံများအလိုက် မဲပေးစက်များ ဖြန့်ခွဲပေးသွားမည့် အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာမဲရုံများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အေးချမ်းသက်သာစွာ ဆန္ဒမဲလာရောက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအပိုင်း() ကျင်းပဆောင်ရွက်မည့် မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)