ပခုက္ကူ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းဖွင့်ပွဲတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက အမှာစကားပြောကြားပြီး သင်တန်းနည်းပြက သင်တန်းသား၊သင်တန်းသူများကိုယ်စား တစ်ဦးအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်မည်ဖြစ်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၁၀ ရက်အထိ စာတွေ့၃၀ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ထူးချွန်သင်တန်းသား၊ သင်တန်းသူနှစ်ဦးအား ရွေးချယ်၍ အပ်ချုပ်စက်တစ်လုံးစီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)