ရေနံချောင်း ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၉ နာရီခွဲက ညောင်လှရပ်ကွက် အမှတ်(၁၂၀)အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးသူအခွင့်အရေးဆိုင်ရာများနှင့် အစားအစာဘေးကင်းလုံခြုံရေး ဆောင်ရန်ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်း ဆေးပညာဦးစီးဌာန တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်က တိုင်းရင်းဆေးပညာဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောပြီး ကျောင်းသားကျောင်းသူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တေဇ၊ ကာတွန်းရုပ်ပြ၊ ကလေးစာပေများဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်