ဂန့်ဂေါမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများဆန္ဒမဲပေးလျက်ရှိ

ဂန့်ဂေါ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိမဲရုံများတွင် ပြည်သူများအနေဖြင့် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် အေးချမ်းစွာဖြင့် ဆန္ဒမဲပေးလျက်ရှိသည်။ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောက်နစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင်းဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် စတင်မဲပေးခဲ့ကြသည်။

ဆန္ဒမဲပေးခြင်းကို မြောက်ကုန်းရပ်ကွက် အ.လ.က(မြောက်ကုန်း)ကျောင်းရှိ မဲရုံ(၅)ရုံ၌လည်း ကောင်း၊ ခ.လ.ရ(၅၀)တပ်တွင်းဓမ္မာရုံရှိ မဲရုံ(၁)ရုံ၌ လည်းကောင်း၊ စည်ပင်သာယာရပ်ကွက် အ.လ.က(ခွဲ) (စည်ပင်သာယာ)ရှိ မဲရုံ(၂)ရုံ၌ လည်းကောင်း၊ မြို့မရပ်ကွက် အ.ထ.က(မြို့မ)ကျောင်းရှိ မဲရုံ(၃)ရုံ၌လည်းကောင်း၊ ကျောတိုက်ရပ်ကွက် အ.ထ.က(ကျောတိုက်)ကျောင်းရှိ မဲရုံ(၅)ရုံ၌ လည်းကောင်း၊ ကျောမြို့ကန့်သက်ကျေးရွာရှိ မဲရုံ(၁)ရုံတွင်လည်းကောင်း ပြည်သူများ ဆန္ဒမဲပေးလျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ဂန့်ဂေါမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၌ မဲရုံပေါင်း(၁၆)ရုံနှင့် ကျောမြို့ ကန့်သက်ကျေးရွာ ၌ မဲရုံ(၁)ရုံ၊ စုစုပေါင်းမဲရုံပေါင်း(၁၇)ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများဆန္ဒမဲပေးခြင်းကို ရပ်ကွက်အသီးသီးရှိမဲရုံများတွင် အေးချမ်းလုံခြုံစွာ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း