ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ငဖဲ ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီးငဖဲမြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစတင်ကာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။

ရှေးဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးစက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျ တပ်ဆင်စစ်ဆေးကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးသည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာ ဆန္ဒပြုမဲပေးကြသည်။

ငဖဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာပေါင်း ၃၆ ရွာ၌ မဲရုံပေါင်း ၅၂ ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၃၅၀၇၂ ဦးရှိပြီး မိမိတို့ကြိုက် နှစ်သစ်ရာပါတီကို မဲပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မယု(ငဖဲ)