နတ်မောက် ဇန်နဝါရီ ၁၁
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ကျင်းပလျက်ရှိရာ မကွေး တိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ယနေ့နံနက်(၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
နတ်မောက်မြို့နယ်တွင် ယနေ့နံနက် (၁၂)နာရီအချိန်ထိ ဆန္ဒမဲပေးသူစုစုပေါင်း (၁၇၃၆၁) ဦး၊ ရာခိုင်နှုန်းအနေဖြင့် (၄၁.၆၆)ရှိပြီဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ရရှိလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူကာ မိမိကြိုက်နှစ်သက်သောပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးရွေးချယ်လျက်ရှိကြသည်။
နတ်မောက်မြို့နယ်အနေဖြင့် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉) အုပ်စုတွင် မဲရုံပေါင်း (၅၇) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၅၃၈၇၄) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
လှဝင်း