မြို့သစ် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲရုံအသီးသီး၌ ဖွင့်လှစ်ဆောင်ရွက်ရာ ပြည်သူများလာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်၌ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စုတွင် မဲရုံ (၁၀၆)ရုံဖွင့်လှစ်ထားရှိပြီး ပြည်သူများအေးချမ်းစွာဆန္ဒမဲပေးလျက်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဌာနကြီးကြပ်သူများက အနီးကပ်ကြီးကြပ်၍ ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)