၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကံမမြို့နယ်၌ကျင်းပရာ ပြည်သူများဆန္ဒမဲပေး

ကံမ ဇန်နဝါရီ ၁၁

မကွေးတိုင်း‌‌ဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးနေကြသည်ကို တွေ့ရသည်။

မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကောမရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များ စစ်ဆေးခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက်(၆)နာရီမှ စတင်၍ မဲရုံဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာ မဲရုံများတွင် ဆန္ဒမဲပေးကြသည်။

 ကံမမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၉)အုပ်စု၌ မဲရုံစုစုပေါင်း(၅၇)ရုံ မဲပေးပိုင်ခွင့်ရှိသူ ( ၄၉၈၀၉ ) ဦးရှိပြီး မိမိတို့ကြိုက်နှစ်သက်ရာပါတီကို မဲပေးခြင်းများ ဆောင်ရွက်ကြ‌ ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)