နတ်မောက် ဇန်နဝါရီ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီမှ စတင်ကျင်းပလျက်ရှိရာ နတ်မောက်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေး လျက်ရှိသည်။
မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံးဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ MEVM မဲပေးစက်များဖြင့် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ အသီးသီးဆန္ဒပြုခဲ့ကြသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဆန္ဒမဲပေးခွင့် ရရှိလာသော အခွင့်ရေးနှင့် ဆန္ဒမဲပေးခွင့်တို့ကို နိုင်ငံသားတိုင်းက လက်လွတ်မခံအမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက် နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေး ရွေးချယ်ကြသည်။ နတ်မောက် မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၂၆) အုပ်စုတွင် မဲရုံပေါင်း (၅၇)ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၅၃၈၇၄)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။
လှဝင်း