မြို့သစ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ စတင် ဆန္ဒမဲပေး

မြို့သစ် ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအပိုင်း (၂)ကို စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ သက်ဆိုင်ရာမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ စတင်မဲပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲရုံဖွင့်ချိန်မှစ၍ သက်ဆိုင်ရာမဲရုံများ၌ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)