နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်‌ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့်‌ မြေဆီလွှာဓာတ်ခွဲစစ်‌ဆေးရန် မြေနမူနာယူခြင်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇန်နဝါရီ ၁၁

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ကော်မတီဝင်ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးရန် မြေနမူနာယူဆောင်ရွက်ခြင်းများအား ကွင်းဆင်းကြည့်ရှု အား‌ပေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၂၃၊ တောင်သူဦးအောင်တင်စိန်၊ တောင်သူ ဒေါ်ဝင်းမော်၊ တောင်သူ ဒေါ်ခင်စိုးလွင်တို့၏ လယ်မြေများတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေနမူနာရယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများ၊ ဓာတ်မြေဩဇာများကို အပြည့်အဝ အချိုးကျအသုံးပြုခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို မှန်ကန်စွာ လိုက်နာကျင့်သုံးခြင်းများကို ပူး‌ပေါင်းဆောင်ရွက်ရန်၊ စမ်းသပ်ရရှိသည့် အဖြေအရ မိမိမြေအမျိုးစားအလိုက် ဖြည့်စွက်ရမည့် မြေဩဇာအား ထိထိရောက်ရောက် သုံးစွဲကာ မြေဆီလွှာအရည်အသွေး တိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

လယ်ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေနမူနာရယူခြင်းလုပ်ငန်းများကို ကျေးရွာ ၇၉ ရွာရှိ ဆည်ရေသောက်လယ်မြေများတွင် ၁၂၂ နေရာ၊ ကျေးရွာ ၉၇ ရွာရှိ မိုးကောင်းသောက်လယ်မြေများတွင် ၁၇၈ နေရာတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ထက်လျှံဝင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရုံးပင်ကျေးရွာကုန်ထုတ်လမ်း မြေသားတာဘောင်ဖြည့်ခြင်းနှင့် ရိစာခင်းခြင်း(၀/၆.၈၁၈)မိုင်အား ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး မှာကြားခဲ့သည်။ အဆိုပါ ကုန်ထုတ်လမ်းပြီးစီးသွားပါက ရုံးပင်ကျေးရွာနှင့် အနီးဝန်းကျင်မှ တောင်သူများ၏ စိုက်ဧက ၆၀ အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)