ကံမမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ကံမ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့်မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၁၁ နာရီက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များအား မဲပေးရာတွင် စနစ်တကျ မြန်ဆန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးစက်များစနစ်တကျ ကိုင်တွယ်အသုံးပြုရမည့်အချက်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းမှာကြားခဲ့ပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)