ကွန်ပျုတာတက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ ကျောင်းသား/ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိန်းသန်းသွင်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် တက္ကသိုလ်စည်းမျဉ်းစည်းကမ်းများ၊ သင်ကြားပို့ချပေးသည့် ကွန်ပျူတာဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပထမနှစ်ကျောင်းသား/ကျောင်းသူ‌များမှ မောင်မယ်တစ်ဦးစီရွေးချယ်၍ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် မောင်မယ်ဟောင်းများက သရဖူနှင့်စလွယ်တို့ကိုလွှဲပြောင်းပေးအပ်ကြပြီး ကျောင်းသား/ကျောင်းသူဟောင်းများက တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား/ကျောင်းသူ ၁၅၂ဦး တက်ရောက်ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)