မင်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ယမန်နေ့ ညနေက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့် တာဝန်ရှိသူများသည် အပိုင်း(၂)အဖြစ် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲရုံများ ခင်းကျင်းထားရှိမှုနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး များအား မဲဆန္ဒရှင်ပြည်သူများ အချိန်တိုအတွင်း မဲပေးနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများ ပေးနိုင်စေရန်အတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် မြို့နယ်‌နေပြည်သူများ စုပေါင်း၍ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)