မြို့သစ် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက်အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင်သောအဖွဲ့များက မဲရုံအဖြစ် အသုံးပြုမည့် အဆောက်အဦးများဖြစ်သော ဘုရားကြီးရပ်ကွက် မဲရုံအမှတ် (၁)၊ ကွက်သစ်ရပ်ကွက်မဲရုံအမှတ် (၁)၊ စျေးရပ်ကွက် မဲရုံအမှတ်(၁)၊ မင်းရပ်ကွက်မဲရုံအမှတ်(၁)၊ လယ်ပြင်ရပ်ကွက်မဲရုံအမှတ်(၁)၊ ပုတီးကုန်းကျေးရွာ မြို့လုလင်ကျေးရွာမဲရုံတို့ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်ရွေးကောက်ပွဲအရာရှိက မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မဲပေးစက်များ ကိုင်တွယ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ မဲရုံလုံခြုံရေးအထူးဂရုပြု၍ စီမံဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)