ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲပြုလုပ်

သထုံ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ် (သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး စတုတ္ထနှစ် ကျောင်းသားတစ်ဦးက (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ပထမနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပထမနှစ် ကျောင်းသားကျောင်းသူတို့က ကွန်ပျူတာတက္ကသိုလ် (သထုံ) ကျောင်းသီချင်းကို စုပေါင်းသီဆိုဖျော်ဖြေကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ နှစ်အလိုက်ထူးချွန်ဆုများရရှိကြသည့် ကျောင်းသားကျောင်းသူများနှင့် ပြိုင်ပွဲအသီးသီးတို့မှ ဆုရကျောင်းသူကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါကြိုဆိုပွဲတွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ King & Queen ရွေးချယ်ချီးမြှင့်ခြင်း၊ ကံစမ်းမဲများဖွင့်ဖောက်ပေးခြင်းတို့ကို တပျော်တပါးပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)