သံဖြူဇရပ်မြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

သံဖြူဇရပ် ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ကျင်းပမည်ဖြစ်ရာ၊ မဲရုံတာဝန်ကျပညာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်ရုံးများတွင် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်ဖြင့် ခရီးသွားလာရန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြပြီဖြစ်ရာ၊ ယနေ့တွင် ရပ်ကွက်ရုံးအသီးသီး၌ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိပြီး၊ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)