ပေါင် ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအဖြစ်ဆောင်ရွက်မည့် စာသင်ကျောင်းများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မဲရုံအဖြစ်ဆောင်ရွက်မည့် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို မဲရုံးမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများအား လမ်းညွှန်မှာကြားခဲ့ပြီး ၎င်းတို့၏ တင်ပြင်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၇၂၉၆၂)ဦးရှိပြီး မဲရုံပေါင်း(၉၀)ရုံးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မွန်မလေး(ပြန်/ဆက်)