ကျိုက်ထို ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မူလွန်(၁)ကံ့ကော်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူးဦးမောင်ညိုက အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မူလွန်(၁)ကံ့ကော်ကျောင်းမှ ကျောင်းအုပ်ဆရာ မကြီးဒေါ်စန်းစန်းမွန်က ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူတို့က KG မှ Grade-7 အထိပညာရည်ထူးချွန်ဆု၊ အားကစားထူးချွန်ဆုနှင့် ကျောင်းဂုဏ်ဆောင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီးတို့မှ ဆုရကျောင်းသား/ကျောင်းသူတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြကာ ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးကြသူတို့အား ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့သည်။
အဆိုပါ ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပညာရေးဌာနမှတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)