မိုးညို ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက အ.လ.က(မိုးသီတာ)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က လူငယ်များအနေဖြင့် ဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှ ကာကွယ်ရန်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှု၏ဆိုးကျိုးများကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့ပြီး အငယ်တန်းစာရေး ဒေါ်သုန်နဒီကိုက “တို့ပတ်ဝန်းကျင်ချစ်ခင်ကြပါစို့”နှင့် “ဧရာမမုန်လာဥကြီး”ပုံပြင်များကို မူလတန်းကလေးငယ်များ ဗဟုသုတရရှိစေရန်နှင့် ပျော်ရွှင်စေရန် ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် Facebook ၏ လူမှုကွန်ယက်ဆိုင်ရာစံနူန်းများ စသည့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)