ပုဗ္ဗသီရိမြို့နယ်အတွင်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်း ဆောင်ရွက်သည့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံ

ပုဗ္ဗသီရိ ဇန်နဝါရီ ၉

ပုဗ္ဗသီရိမြို့နယ်အတွင်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (သက်တန့်ရောင်)စီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က မိုးစပါးရိတ်သိမ်းထွက်ရှိမှု မျိုး၊ သွင်းအားစုများ ပံ့ပိုးပေးမှုအပေါ် ပြန်လည်ပေးသွင်းပြီးစီးမှု၊ နောက်သီးနှံ စိုက်ပျိုးမှုအပေါ် ပံ့ပိုးပေးမှုအခြေအနေများအား စိစစ်ဆွေးနွေးပြီး (သက်တံရောင်စီမံကိန်း)နှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များ၊ လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းအောင်မြင်စေရေး အသင်းအမှုဆောင်များနှင့် အသင်းသားများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ ပုဗ္ဗသီရိမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ စီမံကိန်းဆောင်ရွက်သည့် အသင်းများမှ အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)