လှိုင် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးဆောင်ရွက်မည့် မဲရုံများ စနစ်တကျဖြစ်စေရေးအတွက် စံနမူနာပြမဲရုံပုံစံခင်းကျင်းမှု သရုပ်ပြအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က လှိုင်တက္ကသိုလ်နယ်မြေ၊ အမျိုးသားအားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မျိုးအောင်က ဆန္ဒမဲပေးဆောင်ရွက်မည့် မဲရုံများ စနစ်တကျဖြစ်စေရေးအတွက် စံနမူနာပြမဲရုံပုံစံ ခင်းကျင်းမှုအား ရှင်းလင်းပြောကြားခြင်း၊ အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောထက်လင်းဦး၊ အလုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်တို့က ဆန္ဒမဲပေးပုံများကို လက်တွေ့သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မျိုးအောင်၊ လှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်တို့မှ မဲရုံမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)