ရန်ကုန် ဇန်နဝါရီ ၈
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၅ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး ဌာနမဟာဗျူဟာနှင့် လေ့ကျင့်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှ ပထမအတွင်းဝန်/ ကောင်စစ်ဝန် Mr . Alan Roi Q.Galoriola ၊ စစ်သံမှူး Col.Jose P.Navarro , Jr နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)