ကံမမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနား ကျင်းပ

ကံမ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဖွဲ့ပိုင်အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကနှင့်ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာဖြူသန့်ထွန်းက သားသတ်လိုင်စင်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင်က လေလံစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်လုပ်ငန်း (၃၃)ခုတို့ကို တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

ကျော်ဇေယျဝင်း(ကံမ)