စေတုတ္တရာ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန်ရှိသူများအား ဇန်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
စေတုတ္တရာမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ဝန်ထမ်းများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့များသည် မိမိတို့တာဝန်ကျရာမဲရုံများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ မိမိတို့၏ဆန္ဒမဲများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးတွင်လည်းကောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ပြည်သူ့ဆေးရုံ၌ ဆေးကုသခံနေသူများသည်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)