ဆင်ပေါင်ဝဲ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအား မဲစလစ်များဖြန့်ဝေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် မဲစာရင်းနံပါတ်များအား Price Tape ဖြင့် ရေးသားကပ်နှိပ်ခြင်းများ ဖြန့်ဝေထားရှိမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ မဲစလစ်များဖြန့်ဝေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် မဲစာရင်းနံပါတ်များအား Price Tape ဖြင့် ရေးသားကပ်နှိပ်ခြင်းများ ဖြန့်ဝေထားရှိမှု ရှိ/ မရှိ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)