ဘီးလင်း ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး နေမှုများကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာမဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဇန်နဝါရီ (၇) ရက်နေ့မှ ဇန်နဝါရီ (၁၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကြိုတင်မဲဆန္ဒပေးနေမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းကို သထုံခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦးနှင့်အဖွဲ့ဝင်များက ကြိုတင်မဲ ထည့်ရသည့်နေရာများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)