ဘီးလင်း ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ ပါဝင်သည့် ဘီးလင်းမြို့နယ်၏ MEVM မဲပေးစက်များ ကိုင်တွယ်အသုံးပြုနည်း( မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဘီးလင်း)ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မဲပေးစက်များအား မြို့နယ်အဆင့် နည်းပညာအထောက်အကူပြုအဖွဲ့က ရွေးကောက်ပွဲ၌အသုံးပြုကြမည့် MEVM မဲပေးစက်များ တပ်ဆင်အသုံးပြုပုံများကို အဖွဲ့ (၅)ဖွဲ့ခွဲကာ လက်တွေ့ကိုင်တွယ် ပြသခဲ့သည်။
အဆိုပါ MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း(မွမ်းမံ) သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၂၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ၅ ဦးမှ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)