ကျုံပျော်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ကျုံပျော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံအလုပ်ရုံဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွဲခြံဒေါင့်အုပ်စု၊ သပြေငူကျေးရွာဝင်းမေတ္တာဆန်စက်၌ ဇန်နဝါရီ ၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးအောင်စိန်ဘွင့်၏လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲလွင်ဦး ဦးဆောင်သည့်မီးသတ်တပ်ဖွဲ့ဝင်များက ဆန်စက်ဝန်ထမ်းများအား မီးဘေး ကြိုတင်ကာကွယ်‌ရေး အချက်များသိရှိရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် မီးလောင်မှုမရှိစေရေး အထူးဂရုပြုရန်၊ လျှပ်စစ်မီးစနစ်တကျ အသုံးပြုရန် အသိပညာပေးဟောပြောပြီး၊ မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ဆေးဗူးနှင့် ဆက်စပ် ပစ္စည်းများ စနစ်တကျ‌ ဆောင်ရွက်ထားရှိရန်  လိုက်လံစစ်ဆေးခဲ့ကြသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆန်စက်ဝန်ထမ်းများ ပူးပေါင်းကာ  မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်း၊  မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်း၊ ဖုံးအုပ်နည်းဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)