မင်းလှ ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါစစ်ဆေးကြည့်ရှု့ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များက အမှတ်(၇)ရပ်ကွက်၊ ပြည်တော်သာမဲရုံအမှတ်(၁)တွင် မဲရုံပြင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့၍ မဲရုံတာဝန်ကြ ဝန်ထမ်းများကို လိုအပ်သည်များ လမ်းညွှန်မှ ကြားခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၅၇) အုပ်စု၌ မဲရုံပေါင်း (၉၀)ရုံရှိပြီး ဆန္ဒမဲပေးမည့်ဦးရေ (၈၉၇၂၄)ဦးရှိကြောင်း၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ (၆)ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ (၅)ခု၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်၌ နိုင်ငံ ရေးပါတီ (၅)ခုနှင့် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ (၅)ခုရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပေါက်စ(မင်းလှ)