ပခုက္ကူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့် အောင်မြင်ရေးနည်းလမ်းများ”၊ ဦးစီးအရာရှိ ဒေါ်တင်မာမျိုး(တွဲဖက်)က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)က “လူငယ်နှင့်စာအုပ်စာပေဖတ်ရှုလေ့လာခြင်း”၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဝင်း(တွဲဖက်)က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်တို့ဖြင့် အသိပညာပေးဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာစကားပုံနှင့် စကားဆက်များနှင့်စပ်လျဉ်း၍ ဉာဏ်စမ်းပဟေဠိမေးခွန်းများမေးမြန်းပြီး အဖြေမှန်ရရှိသူများအား စာရေးကိရိယာ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ ကလေးသူငယ်ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် သုတ၊ ရသဆိုင်ရာ စာအုပ်စာစောင်များ၊ နေ့ထူးနေမြတ်ဆိုင်ရာ ပြိုင်ပွဲဝင် စာစီစာကုံး၊ ကဗျာစာအုပ်များနှင့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာစာအုပ်များအား ခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)