နတ်မောက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အသိပညာ ဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန်၊ နားထောင်မှုစွမ်းရည်မြင့်မားစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့ရာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခေါင်းစဉ်များဖြင့် ကျောင်းသား/သူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း