နတ်မောက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင်ကျင်းပမည့် မဲရုံများနှင့် မဲပေးစက်များအား ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင်မြို့ နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးဌေးမော်နှင့်တပ်ဖွဲ့ဝင်များကရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲရုံပြုလုပ်မည့် အခြေခံပညာစာသင်ကျောင်းများ၊ ဓမ္မာရုံများတွင် လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားရှိမှုအခြေအနေများ၊ မဲရုံအတွင်းခန်းများအလင်းရောင်ကောင်းစွာရရှိမှုအခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများထားရှိခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းထားရှိသည့် မြန်မာအီလတ်ထရောနစ်မဲပေးစက်များ မီးဘေးလုံခြုံရေးရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း