မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဇန်နဝါရီ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၄)နာရီ၊ (၂၀)မိနစ်က မကွေးမြို့၊ မကွေးခရိုင် အားကစားကွင်း၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီက မကွေးခရိုင် အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များ၊  လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားတွင် စစ်ရေးပြတပ်ခွဲမှ စစ်ကြောင်းပုံဖြင့် ချီတက်နေရာယူကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်အား ဂုဏ်ပြုတပ်ဖွဲ့မှ သနတ်မြှောက်အလေးပြု၍ အခမ်းအနားတက်ရောက်လာကြသော တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပရာ မကွေးမြို့နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲ စသည့် အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးကာ၊ ဆုရရှိသူများအား ဆုတံဆိပ်၊ ဆုကလပ်၊ ဆုဆွဲပြားများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၇၈) နှစ်မြောက် လွပ်လပ်ရေးနေ့တွင် မွေးဖွားခဲ့သည့် ရင်သွေးငယ် ၅ ဦးအား တစ်ဦးလျှင် ၁ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)