တောင်တွင်းကြီး ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တောင်တွင်းကြီးမြို့မယ်ပြည်သူ့ဆေးရုံ၌ မွေးဖွားသည့် ကလေးငယ်များအား ယမန်နေ့က ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ချီးမြှင့်ငွေများပေးအပ်ရာတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးအောင်နိုင်စိုး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၁နာရီ ၄၉မိနစ်တွင် အောင်မြင်စွာ မွေးဖွားခဲ့သည့် ဆတ်သွားကျေးရွာမှ အဖ ဦးဇော်ထိုက်အောင်၊ အမိ ဒေါ်သန်းသန်းထွေးတို့၏ သမီးငယ်လေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဆုငွေ (၁)သိန်းကျပ်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများအား သွားရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)