မြို့သစ်မြို့နယ်၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချ

မြို့သစ် ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) တွင်အသုံးပြုမည့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇန်နဝါရီ  ၅ ရက် နံနက် ၉ နာရီက ဘုရားကြီးရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ) ၌ ပြုလုပ်သည်။

သင်တန်းတွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံး ဦးစီးအရာရှိတို့က ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြုဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပို့ချပြီး လက်တွေ့တပ်ဆင်အသုံးပြုခြင်းများ သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဆရာ/ ဆရာမဝန်ထမ်းစုစုပေါင်း (၁၆၂) ဦး တက်ရောက်ကြောင်း သင်တန်းကို ဇန်နဝါရီလ (၅) ရက်နေ့မှ (၆)ရက်နေ့အထိ (၂) ရက်ကြာ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )