အောင်လံ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အောင်လံ-ကျော်စွာ-အောင်လံ အသွားအပြန် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးမှ စတင်ကျင်းပခဲ့သည်။
ဦးစွာ အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ အားကစားသမားများ ကျန်းမာကြံ့ခိုင်စေပြီး မိမိတို့အနေဖြင့် သန့်သန့်ရှင်းရှင်း ကစားကြရန် ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်စက်ဘီးသမားများအား သေနတ်ပစ်ဖောက်၍ တာလွှတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် စက်ဘီးအားကစားသမားများ စုစုပေါင်း (၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် အထူးဆုများဟူ၍ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)