မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး(တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇနဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီက မကွေးမြို့ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ မိဘများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်က တက်ရောက်လာသည့် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများအား  ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းသမီး ကောင်းရတနာများဖြစ်စေရန် ကြိုးစားစေလိုပါကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဆိုတဲ့” ဆောင်ပုဒ်နဲ့အညီ နိုင်ငံတော်က ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအမြဲကြိုးစားပြီး နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်အောင်ကြိုးစားစေလိုကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ကင်းထောက်ပြိုင်ပွဲ၊ ဘင်ခရာစွမ်းရည်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ဆုရရှိသည့် အခြေခံပညာများမှ ပြိုင်ပွဲဝင်များ၏ သရုပ်ပြသမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မကွေးခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက “ ကြိုဆိုပါသည် စုံညီပွဲတော်သီချင်း”ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade (6) ကျောင်းသား မောင်လွင်သန့်ထူးအောင်နှင့်အဖွဲ့က တယောဖြင့် လက်စွမ်းပြတီးခတ်ဖျော်ဖြေခဲ့သည်။ ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကင်းထောက်စွမ်းရည်၊ ဘင်ခရာနှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာ အောင်လံခရိုင်ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများက “လက်ခတ်သံ”သီချင်းဖြင့်လည်းကောင်း၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက “ဗလငါးတန်တို့ရည်သန်” သီချင်း၊ မာယာဒေဝီ နှစ်ပါး သွားအက၊ ပြည့်ရတနာ”သီချင်းတို့ဖြင့်လည်းကောင်း၊ ချောက်ခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက “နန်းကိန္ဒရီ” သီချင်းဖြင့်လည်းကောင်း၊ သရက်ခရိုင်ကိုယ်စားပြု ကျောင်းသူများက “အလှကမ္ဘာမြေ” သီချင်းဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ စုံညီပွဲတော် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ (၁၅)သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မင်းဘူးခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  

အခမ်းနားပြီးတွင် တက္ကသိုလ်ဒီဂရီ‌ကောလိပ်များနှင့် အခြေခံပညာကျောင်းပေါင်းစုံမှ ခင်းကျင်းပြသထားသော ပြခန်းများအားတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည်ရှုခဲ့ကြကြောင်း သိရသည်။

 မောင်ခိုင်မင်း( ပြန်ဆက်)