စေတုတ္တရာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

စေတုတ္တရာ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွဲ့ပျော်သီချင်းဖြင့် ကပြဖျော်ဖြေ၍ မြို့နယ်ပညာရေးမှူးရုံး ဒေါ်ကျော့မေခိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်ကေသီမွန်မှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်အဖွဲ့နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ကာယ၊ ဉာဏ၊ ရသ၊ စာပေ၊ ဘာသာရပ်များတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် ၂၀၂-၂၀၂ပညာသင်နှစ် ထူးချွန်ဆရာ၊ ဆရာမများ၊ ခွင့်ရက်မပျက်တာဝန်ထမ်းဆောင်ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းအတွက် စာသင်ခုံများ လှုဒါန်းခဲ့သည့် အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၏ ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)