စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

စလင်း ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယဉာဏထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား ယနေ့နံနက် (၉) နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက ကြိုဆိုပါသည်။ စုံညီပွဲတော်သီချင်းကိုသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပြီးနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းမှ အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်
(၁) အခြေခံပညာ  အထက်တန်းကျောင်းမှ  အထက်တန်းပြဆရာကြီး ဦးဌေးအောင်မှ ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းတွင်းကာယ၊ဉာဏနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းနှင့် အခမ်းအနားတက်ရောက်လာကြသည့် လူကြီးမင်းများမှ ဆုရကျောင်းသား၊ ကျောင်းသူကလေးများအား တစ်ဦးခြင်းစီ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်
အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ဆုရရှိသူများ ကျောင်းသားမိဘများ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကာ ရာ၊ ဆရာမများ ဆုရကျောင်းသား၊ ကျောင်းသူများမှ အမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မောင်လွင်(စလင်း)