မင်းတုန်းမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲ ကျင်းပ

မင်းတုန်း ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း၏ ကြီးကြပ်မှုဖြင့် ကျင်ပလျက်ရှိရာ အသက်(၁၆)နှစ်အောက် အမျိုးသားစက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။

အဆိုပါ စက်ဘီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်(၂)ရပ်ကွက်မှ  မြို့မအားကစားကွင်းထိ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းကလေး(NRDC)